သတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jun 23,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင် ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ 
Jun 23,2021
၂၀၂၁ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ် က ထုတ်ဝေသည့် မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ၊ ပြည်သူများအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပညာပေးနံရံကပ်ဘုတ်ပြသ
Jun 23,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထက(၅)ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်ဘုတ်ပြသခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ကြသည်။
ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်း
Jun 23,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအစီစဉ်ဖြင့် ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ နန်းဦးတိုက် ပရိယတ္တိစာသင်သာသနာပြု မော်လမြိုင် ဓမ္မရိပ်သာ ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ "စေတနာ" သွေးနှင့် အောက်ဆီဂျင် ကူညီမှုအသင်းနှင့် အလှူရှင်များ စုပေါင်း၍ ယ‌မန်နေ့ (၉)နာရီအချိန်က အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book Club အသင်းနှင့်စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စာဖတ်ဝိုင်းကျင်း ပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ သံသယလူနာများ ထားရှိရန် Quarantine Centre ပြင်ဆင်ဆောင်ရွက်
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သံသယလူနာများ၊ StayHome သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို ထားရှိစစ်ဆေးရန်အတွက် Quarantine Centre အဖြစ် အသုံးပြုဆောင်ရွက်လုပ်ကိုင်မည့် ပေါက်ခေါင်းမြို့နယ် မြို့မအားကစားကွင်းအတွင်းရှိ မြို့နယ်အားကစားခန်းမ ကို ပြင်ဆင်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊    လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အပြန်အလှန်‌ဆွေးနွေး ဖလှယ်တတ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။