သတင်းများ

မြန်အောင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့အတွင်း လမ်းဘေး ဈေးဆိုင်/အိမ်ဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ မြို့အဝင်/အထွက် ဂိတ်များအား စစ်ဆေး
Sep 29,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့အတွင်း လမ်း‌ဘေး ဈေးဆိုင်၊ အိမ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်များအား ယမန်နေ့ မွန်းတည့် ၂ နာရီက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှဒူဇွပ်ကျေးရွာ၌ လီဒိုလမ်းမကြီးပေါ်မှ ရေများအားလုံးကျဆင်းသွား၍ မော်တော်ယာဉ်များအား ပုံမှန်ဖြတ်သန်းသွားလာနိုင်
Sep 29,2020
ကချင်ပြည်နယ် ဖားကန့်မြို့ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာ လီဒိုလမ်းမကြီးပေါ်၌ ယမန်နေ့နံနက် (၆) နာရီတွင် ရေများအားလုံး ပြန်ကျဆင်းသွားသဖြင့် မော်တော်ယာဉ်များအား ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီး ရေများဝင်ရောက် ခဲ့သည့်နေရာမျာ၌ သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဘက်ပေါင်းစုံမှ ဆောင်ရွက်
Sep 29,2020
ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝန်းတွင် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လျက်ရှိသောကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရသည့် ပြည်သူများအနေဖြင့် ရောဂါကူးစက်မှု လျော့ပါးစေရေးအတွက် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ပြီး သွားလာကြရန် အသိပညာပေး လုပ်ငန်းများကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ မြို့မ ရဲစခန်းရှေ့နှင့် မြို့မဈေးအတွင်းတို့၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ Save the Children အဖွဲ့မှ နံရံကပ်ဘုတ်(၄)ချပ်လာရောက်လှူဒါန်း
Sep 29,2020
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင် နှင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလူမီနီယံဘောင် အထပ် သား ကတ္တီပါစအုပ်ထားသော နံရံကပ်ဘုတ်(၄)ချပ်အား Save the Children အဖွဲ့မှ ယမန်နေ့ ညနေပိုင်းက လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေး
Sep 29,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။
ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးအပ်
Sep 29,2020
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ဖြင့် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ် ဆေးများ အခမဲ့ ထိုးနှံပေး
Sep 29,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၄)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အိမ်မွေးတိရိစ္ဆာန်ခွေးများတွင် ခွေးရူးရောဂါ အန္တရာယ် ကင်းဝေး စေရေး ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၈ ရက် ၊ ညနေ ၄ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် Stay At Home ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စမှလွဲ၍ သွားလာခြင်း မပြုရန် အသိပညာပေးဆောင်ရွက်
Sep 29,2020
အလုံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန် ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန် အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။