သတင်းများ

မြောင်းမြမြို့နယ်တွင် နှာခေါင်းစည်း(Mask)များတပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 23,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်းနှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask  Campaign ကိုယနေ့ နံနက်(၇)နာရီခွဲအချိန်က လူစည်ကားရာ  ကမ်းနားလမ်း၊ ဦးဘချိုလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ကျိုက်မရော မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Jun 23,2021
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများမရှိသေးသည့်ဒေသခံများ အားနိုင်ငံသားစိစစ်ရေးကတ်ပြားလက်ဝယ်ကိုင်ဆောင်ခွင့်ရရှိ စေရန်အတွက်ယနေ့နံနက် ၁၀ နာရီက သံကလောင်ကျေးရွာသို့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်သည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်‌ချေးပေး
Jun 23,2021
ပဲခူးတိုင်းဒေသကြီး ၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စပါးစိုက်ဧကပေါင်း (၆၆၅၇၈) ဧက အတွက် ချေးငွေကျပ်သိန်း (၉၉၈၆၇)ကို ဇွန်လ ၂၃ ရက်နံနက် ၈ နာရီခွဲချိန်က စတင်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
ပေါက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်၁၀နာရီက ပေါက်မြို့ အောင်တော်မူရပ်ကွက် အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အများပြည်သူ သိရှိစေရန် အခမဲ့ဖြန့်‌ဝေခဲ့သည်။
ရွာငံမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Jun 23,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေမှုကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ အားလုံးမှ စုပေါင်းကာယနေ့ နံနက် ၇ နာရီမှစတင်ပြီးစျေးများနှင့် လူစည်ကားရာနေရာတို့တွင် Mask Campaign ပြုလုပ်ခဲ့သည်။