သတင်းများ

နမ့်စန်တွင် ကျောင်းသားကျောင်းသူများအတွက် နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်
Jun 23,2021
ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၁၀နာရီက အမှတ်(၂) ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပင်လုံမြို့ အထကကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ 
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
ပိုင်ကျုံ-မိုးနိုင်း(ဒါးကျိုင်း)ချောင်းကူတံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပရဟိတအဖွဲ့တစ်ခုဖြစ်သော အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(JIP)တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်လျက်ရှိသည့် ပိုင်ကျုံ-မိုးနိုင်းချောင်းကူး တံတားကြီးအားဒီဇင်ဘာလ(၁၉)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၅)ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သောက်သုံးရေရှားပါးသည့် ခွေးပြုတ်ကျေးရွာ စာသင်ကျောင်းနှင့် ပျဉ်တိုင်းကျေးရွာသို့ သောက်သုံးရေလှူဒါန်း
Jun 23,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ခွေးပြုတ်ကျေးရွာ စာသင်ကျောင်းနှင့် ပျဉ်တိုင်းကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းအဖွဲ့က သောက်သုံးရေ လှူဒါန်းခြင်းအား ယနေ့ နံနက်ပိုင်းကလှူဒါန်းပေးခဲ့ကြောင်း  သိရသည်။
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ ဦး နမ့်စန်မြို့မှ ဖြတ်သန်း၍ တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာ
Jun 23,2021
ထိုင်းနိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ၍ ပြစ်ဒဏ်စေ့ကာ နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သို့ ယနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အချိန်တွင်  ရောက်ရှိခဲ့ကြကြောင်းသိရသည်။
ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌  ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းအား ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မစျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ပန်းတနော်မြို့ မြို့မစျေး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။