သတင်းများ

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်
Sep 28,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 28,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။
တောင်ငူ၌ သီးသန့်စောင့်ကြည့် Quarantine Centre (၆)ခု၌ နေရပ်ပြန် ဦးရေ (၃၀၀)ကျော်အား သီးသန့်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေး
Sep 28,2020
တောင်ငူ၌ သီးသန့်စောင့်ကြည့် quarantine centre (၆) ခု ထားရှိရာ စက်တင်ဘာလ ၂၈ ရက် စာရင်းအရ ပညာရေးကောလိပ်(ဟောင်း) တွင် (၁၈၅) ဦး ၊ သီတဂူအာယုဒါနဆေးခန်းတွင် (၁၃)ဦး ၊ သာသနာ့ဗိမာန်(ဟောင်း) တွင်
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 28,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ပဲခူးလမ်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ယနေ့ နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
Stay at Home ကာလ၌ လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်သို့ ထွက်ခွာသွားလာမှုနည်းပါး
Sep 28,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သူ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန် စက်တင်ဘာ(၂၄)ရက်နေ့မှ အောက်တိုဘာ (၇)ရက်နေ့ထိ
သုံးခွမြို့၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ လိုက်နာခြင်းရှိ/မရှိ အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရှစ်မျက်နှာစေတီရှေ့တွင် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဖြင့် အသင်းသား(၄၁၁)ဦးကို ရန်ပုံငွေများထုတ်ချေးပေးပြီးဖြစ်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင်  နိုင်ငံတော်က ချမှတ်ပေးသော  ကိုဗစ်- ၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ (၆)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မိသားစုဝင်ငွေတိုးပွားရေးအတွက် လုပ်ငန်းအ မျိုးအစားအလိုက် ဆောင်ရွက်ရန် ထုတ်ချေးသူ အသင်းသား/သူ စုစုပေါင်း( ၄၁၁)ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၆၈) သန်းကို ထုတ်ချေးပေးပြီးဖြစ်ကာ ကျေးရွာကော်မတီဝင်များအနေဖြင့် ငွေစာရင်းများ ထိန်းသိမ်းရာ၌ စာရင်းဇယားများ မှန်ကန်စွာ ဖြည့်တွင်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက် (၈၅)နှစ် အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
Sep 28,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ  အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးလမ်းရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။