ဒဂုံမြို့နယ်၌ Stay at Home ကာလပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှုနည်းပါး
Sep 29,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက် အရ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ပိုမိုများပြားလာမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ(ကိုကိုးကျွန်းမြို့နယ်မပါ)မြို့နယ်(၄၄)မြို့နယ်တွင် နေထိုင်သည့် ပြည်သူများ Stay at Home အနေဖြင့် စက်တင်ဘာ ၂၄ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့ထိ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ ခြင်းမပြု ရန်ညွှန်ကြားချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာမှုနည်းပါးလာကြောင်း သိရသည်။