နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၃၉ ဦးထိ ရှိလာ

နောင်ချို   ဇွန်   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ (၃၉)ဦး ထိ ရှိလာကြောင်းသိရသည်။

ကိုဗစ် -၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ ၊ဖျားနာသူများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် Rapid Test ဖြင့်စစ်ဆေးလျက်ရှိရာ ဇွန်လ ၂၂ရက်နေ့တွင် လူဦးရေ ၈၈ ဦးကို စစ်ဆေးရာတွင်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၅)ဦးထပ်မံ တွေ့ရှိခဲ့သည်။

နောင်ချိုမြို့နယ်တွင် ဇွန်လ (၁၉) ရက်နေ့မှ ဇွန်လ (၂၂)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူ (၃၉)ဦးထိ ရှိလာခဲ့ရာ အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကြပ်မက်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကျန်းမာရေးစီစစ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။

ထွေးငယ် (ပြန်/ဆက်)