မုဒုံ ဇွန် ၂၃
မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များကစနစ်တကျ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိရာယနေ့နံနက်ကမုဒုံမြို့ရွှေဟင်္သာစျေးနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင်စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခြင်းနှင့်အသိ ပညာပေး လုပ်ငန်းများကိုဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များတို့ကလူစည်ကားရာ နေရာများ၊ စျေးများတို့တွင်နှာခေါင်းစည်း(Mask)များကိုစနစ်တကျတပ်ဆင်ကြရန်၊ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်အချက် များအား လိုက်နာဆောင်ရွက်ရန်စျေးရောင်း/စျေးဝယ်သူများ၊ ပြည်သူများအားအသိပညာပေးခဲ့ပြီး နှာခေါင်းစည်း (Mask) အခုရေ(၁၀၀၀)အားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ