အော်ဂဲနစ် ဘူးသီးစမ်းသပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပုသိမ်  ဇွန်  ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၁၁ နယ်မြေ  တဲကြီးကုန်းရပ်ကွက်၌ သြဂဲနစ်ဘူးပင်များ စမ်းသပ်စိုက်ပျိုးကာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။

"အော်ဂဲနစ်စိုက်ပျိုးတာက ဓါတုဆေးဝါးမသုံးဘဲ သဘာဝမြေသြဇာသက်သက် စိုက်ပျိုးတာ ဖြစ်တဲ့အတွက် အသီးကြီးထွားမှုက ဓါတုဆေးဝါးသုံးတဲ့အပင်ထက် အသီးကြီးထွားမှုနုန်းက နည်းပါတယ် ဓာတုဆေးဝါးသုံးတဲ့ ဘူးသီးက အသီးကြီးထွားတယ် အလုံးလှတယ် ဝယ်သူ အကြိုက်တွေ့တယ် ဓါတုဆေးဝါးသုံးတဲ့ ဘူးသီးက အချိုပေါ့တယ် ရက်ကြာကြာ အထားမခံဘူး သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ဖွဲပြာ၊ သစ်ရွက် ဆွေးတို့နဲ့ စိုက်ပျိုးတာက အလုံးမကြီးထွားသော်လည်း အချိုဓါတ်ပိုများတဲ့အတွက် စားသုံးသူများ အကြိုက်တွေ့လို့ ရောင်းအား ကောင်းလာတာ"ဟု စိုက်ပျိုးသူက  ပြောသည်။

သဘာဝမြေသြဇာနဲ့ စိုက်ပျိုးတဲ့သြဂဲနစ် ဘူးသီးကတစ်လုံးကို ၅၀၀ ကျပ်မှ ၇၀၀ကျပ်ဖြင့် ရောင်းချရပြီး ပုသိမ်မြို့တွင်းရောင်းချသော စျေးသည်များ ကျေးရွာအတွင်း အ‌ကြော်ဆိုင်များ ငွေဆောင် ချောင်းသာဘက်မှလည်း လာရောက်ဝယ်ယူကြောင်း  သိရသည်။

မြင့်ဟန်