မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ လိုက်လံအသိပေးနှိုးဆော်
Sep 29,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာရမည့် အချက်များ၊ စည်းမျဉ်း၊ ဥပဒေများကို လိုက်နာ စောင့်ထိန်းခြင်းဖြင့် ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။