သတင်းများ

ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းများကွင်းဆင်းဆောင်ရွက်ပေး
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်လွင်နှင့်ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ချောင်းတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၌ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရ သည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က အထက(မိုင်းဖြတ်)ကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း နယ်မြေသတင်းထုတ်ပြန်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး တွေ့ဆုံ ဆွေးနွေး
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း နယ်မြေသတင်းထုတ်ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာမိုးက ခရိုင်အတွင်း နယ်မြေသတင်းများ ရယူဆောင်ရွက်လျက်ရှိသော ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့တွင် မြို့နယ်အဆင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ မြို့နယ်အဆင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2021
ကရင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ၏ (၁/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဖားစည်မြေခန်းမ၌ ကျင်းပခဲ့သည်။