မြောင်းမြမြို့နယ်တွင် နှာခေါင်းစည်း(Mask)များတပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်Mask Campaign ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြောင်းမြ   ဇွန်   ၂၃

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်းနှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းများအားလိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်းလုပ်ငန်း Mask  Campaign ကိုယနေ့ နံနက်(၇)နာရီခွဲအချိန်က လူစည်ကားရာ  ကမ်းနားလမ်း၊ ဦးဘချိုလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း(၄၀၀)ခုကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး (မြောင်းမြ)