သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

သံဖြူဇရပ် ဇွန်  ၂၃

 

 

 

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေမှုကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ အားလုံးမှ စုပေါင်းကာယနေ့ နံနက် ၇ နာရီမှစတင်ပြီးစျေးများနှင့် လူစည်ကားရာနေရာတို့တွင် Mask Campaign ပြုလုပ်ခဲ့သည်။

 

 

ထိုသို့ပြုလုပ်ရာတွင်မြို့တွင်း၊မြို့ပြင် အကြောင်းအမျိုးမျိုးကြောင်းမဖြစ်မနေ ခရီးသွား ပြည်သူများ အနေဖြင့်ပါးစပ်နှာခေါင်းစည်း( Mask )တပ်ဆင်ထားခြင်းမရှိပါကMask အခမဲ့ပေးပြီး နေအိမ်အပြင် ထွက်တိုင်း (Mask)တပ်ဆင်ပြီးမှသွားလာကြစေရေးပြောကြားသည်။

 

 

 

ယနေ့ပြုလုပ်သော Mask Campaign ကိုမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်းသိရသည်။

 

 

အေးအေးသီ