ကျိုက်မရော ဇွန် ၂၃
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများမရှိသေးသည့်ဒေသခံများ အားနိုင်ငံသားစိစစ်ရေးကတ်ပြားလက်ဝယ်ကိုင်ဆောင်ခွင့်ရရှိ စေရန်အတွက်ယနေ့နံနက် ၁၀ နာရီက သံကလောင်ကျေးရွာသို့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ် ဦးစီးမှူးဦးကိုကိုလွင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန်အတွက် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသုံးဝင်မှု အရေးကြီးမှုနှင့်ပျက်စီး ပျောက်ဆုံးမှုမရှိစေရန်စနစ်တကျထိန်းသိမ်းရေးတို့ကိုအသိပညာပေးဆွေးနွေးခဲ့သည်။
ယနေ့ကွင်းဆင်း ပြုလုပ်ပေးရာတွင်အသက်၁၀ နစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်( ၉၆)ကတ်၊ အသစ် လဲလည်သည့်ကတ်(၂၆)ကတ်နှင့်အသက်၁၆နှစ်နှင့် ၁၈နှစ်ကြား၁၈နှစ် အထက်နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမရှိသေးသောသူများအားပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များအပါအဝင်ကျန်ရှိနေသောကျေးရွာ များတွင်လည်းဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
ချိုမြတ်မြတ်ထွေး