ကြို့ပင်ကောက် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်း များ ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စာရေးဆရာ မုံရွာဝင်ဖေရေးသားသည့် ကမ္ဘာ့ရန်သူဘိန်းဖြူ ကဗျာ၊ အသိပညာပေးကာတွန်းတို့ဖြင့် မူးဆေးဝါးအန္တရာယ် ကြီးမားပုံများကို စာဖတ်သူများ အချိန်တိုအတွင်း ဖတ်ရှု့လေ့လာသိရှိနိုင်စေရန် ရေးသားဖော်ပြထားကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်စောင်ရေ (၁၉၉၀)ကို သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူများ၊ အသိပညာဗဟုသုတရရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိထံမှ သိရသည်။
ဇေယျာထွန်း