ပေါက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပေါက်   ဇွန်   ၂၃

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်၁၀နာရီက ပေါက်မြို့ အောင်တော်မူရပ်ကွက် အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အများပြည်သူ သိရှိစေရန် အခမဲ့ဖြန့်‌ဝေခဲ့သည်။

 

အဆိုပါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော ၂၀၂၁ ခုနှစ် သတင်းစကား လက်ကမ်းစာစောင်ထဲတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးစွဲ သူဖေးမကူ ၊လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာ သုံးစွဲခြင်းများ မပြုကြရန်နှင့် ဆေးစွဲဝေဒနာ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ဆောလျင်စွာ ပြသ၍ ဆေးကုသမှု ခံယူကြရန် လိုအပ်ချက်များ ပါဝင်သည်။

 

ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ ထုတ်ဝေသော ဆေးသုံးစွဲသူများ၏ဘဝကို ပြန်လည်ထူထောင်ပေးရေး စီမံချက်များ ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး၍ ပညာပေးခြင်း၊ ကောင်းမွန် သော လူနေမှုဘဝကို ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာများ သင်ကြားပေးခြင်းတို့နှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်း ယှက် ဆောင်ပုဒ်နှင့် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ဟူသော အသိပညာရစေမည့် စာသားများပါရှိသော သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

 

ဉာဏ်တိုး​(ပေါက်)