ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဆိပ်ဖြူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်သည်။

ယနေ့ခေတ် မျက်မှောက်ကာလတွင် တရားမဝင်မူးယစ်ဆေးဝါးများရောင်းဝယ်မှုများ၊ အလွဲသုံးမှုများကြောင့် လူငယ်လူရွယ်များ စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာသုံးစွဲခြင်း မူးယစ်ဆေးများစွဲပြီး လူညွန့်တုံးခြင်းအန္တရာယ်များမရှိစေရန် ကမ္ဘာ့နိုင်ငံ များအပါအဝင် မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးတွင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပြီး ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား / ကျောင်းသူများ ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေ အသိပေးခဲ့ကြောင်း သိရသည်။

ကိုဇွဲ (အညာမြေ)