ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များကို ဆွမ်းဆက်ကပ် လှူဒါန်း

မန္တလေး      ဇွန်    ၂၃

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအစီစဉ်ဖြင့် ချမ်းအေးသာစံမြို့နယ်တွင် သံဃာတော်များ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ နန်းဦးတိုက် ပရိယတ္တိစာသင်သာသနာပြု မော်လမြိုင် ဓမ္မရိပ်သာ ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နန်းဦးတိုက် ပရိယတ္တိစာသင်သာသနာပြု မော်လမြိုင်ဓမ္မရိပ်သာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရိန္ဒကထံမှ ငါးပါးသီလနှင့် အနုမောဓနာ တရားနာယူကာ တက်ရောက်လာကြကုန်သော ဧည့်ပရိတ်အပေါင်းတို့မှ သြကာသကန်တော့ ကျိုးအား ညီညီညာညာ ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် ဆရာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်တရားတော် ချီးမြင့်ပေးခဲ့ကြပြီး ဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာလှကြွယ် နှင့် တာဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အဖွဲ့ဝင်များ ဖြစ်သည့် ဗိုလ်မှူးအေးလင်းထွန်း၊ ဦးဇော်ဖေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်