ကျောင်းကုန်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကျောင်းကုန်း  ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book Club အသင်းနှင့်စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စာဖတ်ဝိုင်းကျင်း ပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမာထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးသက်တင်က စာရေးဆရာ ချစ်နိုင်(စိတ်ပ ညာ)ရေးသားသည့် ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း စာအုပ်အား ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက သင့်အတွေးဟာသင်ပါပဲ၊ အောင်မြင်ချင်တယ်ဆိုရင်၊ ကြိုတင်ပြင်ဆင်မှု၊ ဟောပြောခြင်းအတတ် စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်သူများအား စာပေကိုချစ်မြတ်နိုးစိတ်နှင့် စာပေလေ့လာဖတ်ရှုလိုစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကိုလစဉ်ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)