ကျောက်မဲ ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အပြန်အလှန်ဆွေးနွေး ဖလှယ်တတ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါကေသွယ်ဟန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်နန်းလောင့်န်အွမ်က စာရေးဆရာ အောင်မြတ် ဘာသာပြန်ရေးသားထားသည့် "သင်သေသွားသော် ဘယ်သူငိုမလဲ" စာအုပ်ပါ အကြောင်းအရာများထဲမှ အောင်မြင်ပျှော်ရွှင်သည့် ဘဝကို ရရှိစေနိုင်သည့် အချက် ၉ ချက်ကို လည်းကောင်း၊ ဦးစိုင်းထွန်းသိန်းက စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားထားသော စိတ်ပြင်ခြင်း အနုပညာ စာအုပ်မှ "ဝတ္ထုတစ်အုပ်နှင့် နှုတ်ခမ်းနီတစ်ဗူး" ဆောင်းပါးပါ အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ဒေါက်တာသိန်းဇော်၊ ဒေါ်ဟန်မီမီကျော်နှင့် ဒေါ်အိဝတ်ရည်အောင်တို့က စာဖတ်ဝိုင်းတွင်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် ၎င်းတို့ဖတ်ရှုခဲ့ဖူးသည့် စာအုပ်များထဲမှ အနှစ်သက်ဆုံးစာအုပ်ပါ အကြောင်းအရာများကို ပြန်လည်မျှဝေ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)