ကျွန်းစု ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ "စေတနာ" သွေးနှင့် အောက်ဆီဂျင် ကူညီမှုအသင်းနှင့် အလှူရှင်များ စုပေါင်း၍ ယမန်နေ့ (၉)နာရီအချိန်က အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ကျွန်းစုမြို့ "စေတနာ" သွေးနှင့် အောက်ဆီဂျင်ကူညီမှုအသင်းဥက္ကဋ္ဌ ဦးဝင်းရှိန်နှင့် အသင်းဝင်များက မြို့နယ် အတွင်းရှိ အထက(ကျွန်းစု)၊ အမက(ကမ်းဇော်တော)၊ မူလွန်(ထိန်ချောင်း) အထက(ကတ္တလူ)၊ အမက(တောင်တွင်းကြီး)၊ မူလွန် (အမှတ်(၆))၊ မူလွန်(ကဒဲကဒွတ်)၊ အမက (ကပ)၊ အထက(ခွဲ) ကတန်၊ အလက (မရမ်းချောင်း)၊ အခြေခံပညာကျောင်း (၁၀)ကျောင်းသို့ သွားရောက်၍ နှာခေါင်း စည်း Mask ဘူး (၂၀၀)နှင့် လက်သန့်ဆေးရည် (၁)ဂါလံ ပုံး (၁၄)ပုံး၊ စုစုပေါင်းတန်ဖိုး (၅၁၉၀၀၀) ကျပ်အား ကျောင်းတာဝန်ရှိသူများထံ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်