မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ 

လွိုင်လင်  ဇွန် ၂၃

၂၀၂၁ ခုနှစ် ၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ် က ထုတ်ဝေသည့် မူးယစ်ဆေးဝါးအသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ၊ ပြည်သူများအားအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို လွိုင်လင်ခရိုင်ရုံး မှ ခရိုင်ဦးစီးအရာရှိ ၊ ခရိုင်ရုံး ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်း၌ အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ၊ ယနေ့နံနက်ပိုင်းတွင် မြို့မဈေးကြီး နှင့် နာရီစင်ရှေ့တွင်ဈေးသည်နှင့် ဈေးဝယ်ပြည်သူများကို လည်းကောင်း၊ ယင်းနောက်  အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း နေရာခွဲ၍အသီးသီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)