သတင်းများ

ကျောက်တန်းမြို့၌ အသံမစဲ အဘိဓ္ဓာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်နှင့် အလုံးစုံသော ဘေးအန္တရာယ်တို့ကို တားဆီးကာကွယ်နိုင်စေရေး ရှေးရှု၍ ကျောက်တန်း မြို့ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၌ ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့သော အသံမစဲ အဘိဓ္ဓာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီက အဆိုပါ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌  ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိ
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံး စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက မြိတ်တောင် ကျေးရွာ ရှိ ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ခုနှစ်၊ ခန္တီးမြို့နယ်အားကစားနှင့်ကာယပညာဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခွဲ အချိန်က မြို့နယ်အားကစားခန်းမအတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Jun 23,2021
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့၌ အိုလံပစ်နေ့အထိမ်းအမှတ် (၄) မြို့နယ် အမျိုးသား/ အမျိုးသမီး လက်ဝှေ့လက်ရည်စစ်ပွဲ ကျင်းပ
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် (၄)မြို့နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့လက်ရည်စစ်ပွဲကို အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ပွဲစဉ်၊ အမျိုးသမီးပွဲစဉ် ကီလိုတန်းများအလိုက် ကျင်းပလျက်ရှိသည်။
ကျောက်ကြီးမြို့နယ် ပဲခူးရပ် အထက(ခွဲ) စာသင်ကျောင်းကို ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ဖွင့်လှစ်နေမှု အခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ အထက(ခွဲ)ပဲခူးရပ် စာသင်ကျောင်းတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ဖွင့်လှစ်သင်ကြားပို့ချ နေမှု အခြေအနေအား မြို့နယ် တာဝန်ရှိသူ များမှ ယနေ့ နံနက် (၉)နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ အခြေခံပညာမူလတန်း(လွန်)ကျောင်း ယာယီပိတ်ထား
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် မြို့မ(၁)ရပ်ကွက်  ကန်တော်ဦး(၂)လမ်းရှိ အခြေခံပညာ မူလတန်း (လွန်) ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည့်း Mask များအခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့မဈေးကြီး နှင့် နာရီစင်အနီး မင်းလမ်းပေါ်တွင် နှာခေါင်းစည့်း Mask များအခမဲ့ဖြန့်ဝေ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။