သတင်းများ

နယ်စပ်ဒေသမူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် တရုတ်နိုင်ငံဘက်မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း
Sep 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသ၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရမှ တရုတ်ယွမ်ငွေ ကာလတန်ဖိုး(၁၂)သိန်းကျော်ရှိ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ကျန်းမာရေးပစ္စည်းများလာရောက် လှူဒါန်းခြင်းကို ယမန်‌နေ့နံနက်(၉)နာရီအချိန်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)လာရောက်ပေးအပ်လှူဒါန်းသည်။
ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask) မတပ်ဆင် သူများအား အရေးယူ
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေး စည်ပင်သာ မြို့မဈေးကြီး နှင့်အပြင်ဘက်တိုက်တန်းများတွင် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အရေးယူဆောင်ရွက်ခဲ့သည်။
လမ်းဘေးမြေစာပြိုကျမှု ဆက်လက်ဖြစ်ပွားခြင်းကြောင့် ချီဖွေ - ပန်ဝါသွား ကားလမ်း ယာယီပြတ်တောက်
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ- ပန်ဝါသွားကားလမ်း ချီဖွေမြို့မှ (၃) မိုင်နှင့် (၉) မိုင်ခန့် အကွာ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လမ်းဘေးမြေစာများ ပြိုကျမှု ဆက်လက်ဖြစ်ပွားခဲ့ရာမှ ချီဖွေ- ပန်ဝါလမ်း ယာယီပြတ်တောက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ် တစ်ပိ ဿာကို ၃၅၀ကျပ်သာရရှိ၍ တစ်နိုင်တစ်ပိုင် မျှစ်ချဉ်လုပ်ငန်းလုပ်ကိုင်သူများ ဈေးကောင်း မရဖြစ်နေ
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု ဒီးဒုတ်ကုန်းကျေးရွာတွင် မျှစ်ချဉ် လုပ်ငန်းကို တစ်နိုင်တစ်ပိုင် အိမ်တွင်းမိသားစုဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ်တစ်ပိဿာကို ၃၅၀ကျပ်သာရရှိ၍ ဈေးမကောင်းသောကြောင့် အဆင်မပြေဖြစ် နေကြကြောင်း အဆိုပါကျေးရွာ မျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်စည်း များအခမဲ့ဖြန့်ဝေ
Sep 29,2020
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့လမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ်တွင် ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ် ရောင်းချနေသူများအား သွင်းအားစုနှင့် အရင်းအနှီး ရရှိစေရန်အတွက် ဆောင်ရွက် နေသော ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံမှ သိရသည်။
မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း MASK တပ်ဆင်သွားလာရေး အသိပညာပေးနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 29,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။