သတင်းများ

ငါးသိုင်းချောင်းမြို့၌လေဘေးသင့်‌နေအိမ်ပြိုပျက်အိမ်ထောင်စုဝင်များသို့ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ပေးအပ်
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာအုပ်စု၊အင်းလျားကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရာ လူနှင့်တိရိစ္ဆာန်၊အသက်အန္တရာယ်ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် အဆိုပါ နေအိမ်ပြိုပျက် အိမ်ထောင်စု(၁)စုအား ကျေးရွာအတွင်းရှိနီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်၌ ယာယီရွှေ့ပြောင်း နေရာချ ထားပေးခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် စာသင်ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံ ပြည်သူများလက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ သည်။
အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ ဆောင်းပါးဖြင့် စာအုပ်မိတ်ဆက်ခြင်းဆောင်ရွက်
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာဖတ်သူများအတွက် ရသ စာပေများကောင်းများကို ရွေးချယ်ပြီး ဖတ်နိုင်စေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာများတိုးပွား လာစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညေဲာင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဇွန်လ ၂၁ ရက် နေ့နံနက်ပိုင်းမှစတင်၍ ပင်စင်လစာငွေများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထုတ်ပေး လျက်ရှိသည်။
တောင်ငူမြို့၌ ၂၀၂၁ ခုနှစ် နိကာယ်စာမေးပွဲ ဖြေဆို
Jun 23,2021
၂၀၂၁ ခုနှစ် နိကာယ်စာမေးပွဲကို တောင်ငူ မြို့နယ် စာဖြေဌာနအတွက် သာသနာ့ဟိတကာရီ ဗိမာန်တော်အတွင်း၌ ယနေ့မွန်းလွဲ(၁)နာရီက ဖြေဆိုကျင်းပရှိသည်။
မင်းပြားမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jun 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကွင်းဆင်းဆောင် ရွက်လျှက်ရှိကြောင်း သိရ သည်။
ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Jun 23,2021
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း လိုက်လံကြေငြာပေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ဇွန်လ(၂၃) ရက်နေ့က လမ်းဆုံလမ်းခွနေရာများတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဆင်းပွဲ ကျင်းပ
Jun 23,2021
ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာစေရန်၊ ငါးမွေမြူရေးလုပ်ငန်းရှင်များ စ နစ်တကျမွေးမြူခြင်းဖြင့် အကျိုးပိုမိုရရှိစေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာ ပေးသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်ရွှေမြို့နယ် ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။