သတင်းများ

လောင်းလုံးမြို့တွင် မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် မီးဘေးသင့်အိမ်ထောင်စု (၁)စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲအချိန်က လောင်းလုံး မြို့နယ် ၊သာယာကုန်း ကျေးရွာ၌ ပေးအပ်ခဲ့ကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်က မိုးစပါးရေကြီးနစ်မြုပ်ပျက်စီး လယ်ဧက(၁၉၀)အတွက် ထောက်ပံ့ငွေများပေးအပ်
Sep 29,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်မိုးရာသီက ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်၊ ဆွမ္မရာမြို့တို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ ငွေပေးအပ်
Sep 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နှင့် ကျေးရွာများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးလှဆိုင်းထံမှ သိရသည်။
ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ Quarantine Center ထားရှိရေး ညှိနှိုင်းဆွေးနွေး
Sep 29,2020
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌   ကိုဗစ်-၁၉  ရောဂါ Positive   လူနာများနှင့်    ထိတွေ့မှုရှိခဲ့သူမျာ
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတောင်မြို့နယ်ရဲတပ်ဖွဲ့ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်
Sep 29,2020
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ယမန်နေ့ နံနက်(၇)နာရီခန့်တွင် ရွှေတောင်မြို့နယ်တွင် လုပ်အားပေးသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရ သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ထန်တလန်မြို့နယ်တွင် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည်
Sep 29,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါး ခရိုင်၊ ထန်တလန်မြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၁၀၅) ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် စက်တင်ဘာ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်တိုင်း "နိုလ်" ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီးခဲ့သော ရေဘေးသင့် အိမ်ထောင်စုများအတွက် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်(၁၁)နာရီက ကျွန်းစုမြို့၊ ကျွန်းရတနာခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီး ပိုလျှံခွင့်ပြု ရန်ပုံငွေဖြင့် သပြေညိုလမ်း ကွန်းကရစ်ခင်းခြင်းဆောင်ရွက်
Sep 29,2020
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ၊တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထွေထွေပိုလျှံခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ သပြေညိုလမ်း ကွန်ကရစ်ခင်းခြင်း ကို စက်တင်ဘာလ ၄ ရက်နေ့ကစတင်၍ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့က ဦးဆောင်၍ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျှက်ရှိရာ ယခုအခါတွင် လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးကြောင်း မြို့နယ် စည်ပင်သာယာ ရေး အဖွဲ့မှ သိရသည်။