ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ သံသယလူနာများ ထားရှိရန် Quarantine Centre ပြင်ဆင်ဆောင်ရွက်

 

 

ပေါက်ခေါင်း     ဇွန်   ၂၃ 

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သံသယလူနာများ၊ StayHome သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို ထားရှိစစ်ဆေးရန်အတွက် Quarantine Centre အဖြစ် အသုံးပြုဆောင်ရွက်လုပ်ကိုင်မည့် ပေါက်ခေါင်းမြို့နယ် မြို့မအားကစားကွင်းအတွင်းရှိ မြို့နယ်အားကစားခန်းမ ကို ပြင်ဆင်‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ ပြင်ဆင်ရာတွင် ခန်းမအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကုတင်များအား သတ်မှတ်အကွာအဝေး အတိုင်းထားခြင်း၊ လျှပ်စစ်မီးလိုင်းများ တပ်ဆင်ခြင်း၊ ရေချိုးကန် သန့်စင်ခန်းများ သန့်ရှင်းရေးဆောင်ရွက်ခြင်း များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပရဟိတလူငယ်များက ယမန်နေ့ နံနက်ပိုင်းကစတင်ကာ စုပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

 

အောင်ကျော်