သတင်းများ

ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း mask များ (အခမဲ့)ဖြန့်ဝေ
Jun 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်း mask များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ပြည်သူများ အသုံးပြုနိုင်ရေးအတွက် ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်သည်။
ပြည်မြို့နယ် တလုပ်ပင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ‌တောင်ခွေးရဲကျေးရွာ ကုန်ထုတ်လမ်းဘေးဝဲယာတို့၌ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုး
Jun 30,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ တာဝန်ရှိသူများနှင့် တင်ဒါရကုမ္ပဏီဖြစ်‌သော အားမာန်လွင်ကုမ္ပဏီနှင့် ကျေးရွာပြည်သူများ ပူးပေါင်းကာ ပြည်မြို့နယ် တလုပ်ပင်ကျေးရွာ လယ်ပြင်ကုန်ထုတ်လမ်းနှင့် ‌တောင်ခွေးရဲကျေးရွာ လယ်ပြင်ကုန်ထုတ်လမ်းတို့၏ လမ်းဘေးဝဲယာ၌ ယနေ့နံနက်ပိုင်းက အရိပ်ရနှစ်ရှည်ပင် သစ်ပင်များ စု‌ပေါင်း စိုက်ပျိုးခဲ့ကြသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်လှူဒါန်း
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Jun 30,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အစိုးရနည်းပညာ အထက်တန်းကျောင်း မြက်တိုရပ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြခံလျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် ကျင်းပရာ အခမ်းအနားသို့ ပုသိမ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၄၀၀)ဦးကျော်ရှိလာ၊ မြို့တွင်းဝင်မည့် ကုန်တင်ယာဉ်များ မယ်ဟန်စစ်ဆေးရေးဂိတ်၌ စတင်စစ်ဆေး
Jun 30,2021
ဇွန်လ(၂၉)ရက်နေ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးမြို့နယ်အဆင့်ကော်မတီ၏ စာရင်းများအရ စုစုပေါင်း(၁၆၃၆)ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာပေါင်း(၄၀၇)ဦး ရှိကြောင်း သိရှိရသည်။
မြစ်သားမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign အသိပညာပေး ဆောင်ရွက်
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်း၊ ရွှေမုဌော ဘုရားရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချို၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ‌ နေ့စဉ်များပြားလျက်ရှိ
Jun 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသူ နေ့စဉ် များပြားလျက်ရှိပြီး ဇွန်လ ၂၉ ရက်နေ့တွင် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် လူဦးရေ (၆၈) ဦးကို ဆက်လက်စစ်ဆေးခဲ့ရာ (၂၀) ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။