ပြည်မြို့နယ် တလုပ်ပင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ‌တောင်ခွေးရဲကျေးရွာ ကုန်ထုတ်လမ်းဘေးဝဲယာတို့၌ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုး

ပြည် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ တာဝန်ရှိသူများနှင့် တင်ဒါရကုမ္ပဏီဖြစ်‌သော အားမာန်လွင်ကုမ္ပဏီနှင့် ကျေးရွာပြည်သူများ ပူးပေါင်းကာ ပြည်မြို့နယ် တလုပ်ပင်ကျေးရွာ လယ်ပြင်ကုန်ထုတ်လမ်းနှင့် ‌တောင်ခွေးရဲကျေးရွာ လယ်ပြင်ကုန်ထုတ်လမ်းတို့၏ လမ်းဘေးဝဲယာ၌  ယနေ့နံနက်ပိုင်းက အရိပ်ရနှစ်ရှည်ပင် သစ်ပင်များ စု‌ပေါင်း စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာန၏ ပျိုးပင်များ ကူညီ‌ထောက်ပံ့မှုဖြင့် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်ကျော်မျိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ၊ လမ်းကော်မတီဝင်များနှင့် အဆိုပါ ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်ခဲ့သော ကုမ္ပဏီမှ တာဝန်ရှိသူများက  ကျွန်းပင် ၁၅၀၊ အော်ရီရှား အပင်၁၀၀၊ မယ်ဇလီပင် ၅၀၊ ရေတမာပင် ၁၀၀ နှင့် မန်ဂျန်ရှား အပင် ၁၀၀ တို့ကို အဆိုပါ ကုန်ထုတ်လမ်းတို့၏ လမ်းဘေးဝဲယာ၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကိုဆက်