သတင်းများ

တံတားဦးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 30,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည် ။
တပ်ကုန်းမြို့နယ်တွင် မန်ကျည်းတန်းရေလျှံကွင်း၌ ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်
Jun 30,2021
နေပြည်တော်တပ်ကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ ရွေးစုကျေးရွာအုပ်စု၊ ဆည်ထိပ်ကျေးရွာအနီးရှိ မန်ကျည်းတန်းရေလျှံကွင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံ
Jun 30,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲ ၂နာရီက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
သုံးခွမြို့နယ်၌ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 30,2021
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာသည့်အတွက် သုံးခွမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်‌စေ‌ရေး နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ မွန်းလွဲ၃နာရီက နှာခေါင်းစည်း Mask များ တပ်ဆင်ပေးခြင်းနှင့် နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်၌ မိုင်းပန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေတို့ဖြင့် တည်ဆောက်နေသည့် ပေ(၁ဝဝx၃ဝ) ပွဲကြည့်စင်၊ မီတာ (၄ဝဝ) ပြေးလမ်းနှင့် စကိုးလ်ဘုတ် ဆောက်လုပ်နေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၁၉)ဦးတွေ့ရှိ
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကျောက်ဆည် ခရိုင်အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းများရေးဝန်ထမ်းများမှ  ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးရာ ပိုးတွေ့ရှိသူ(၁၉)ဦး ရှိကြောင်း သိရှိရသည်။
ဆောမြို့ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲ
Jun 30,2021
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်စေရန်အတွက် ပြည်သူများအပြင်ထွက်သွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် Mask Campaign ကို မြို့နယ်ကြက်ခြေနီ အသင်းခွဲက ယနေ့ နံနက် ၈ နာရီက ဆောမြို့ မြို့ပေါ်ရပ်ကွက်များအတွင်း လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။