ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး ထပ်မံတွေ့ရှိ
Jun 30,2021
ရေတာရှည်မြို့နယ်၊ ဆွာမြို့ ၊ ဆွာတောင်ပိုင်း ရပ်ကွက်၊ ဘူတာလမ်းနေ ၊ ကမ္ဘောဇဘဏ် (ရေတာရှည်) ၀န်ထမ်းအမျိုးသားတစ်ဦးနှင့် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ရွှေသပြေကျေးရွာနေ ဝါးကားမောင်းသူ အမျိုးသား တစ်ဦး တို့သည် အနံ့ပျောက်သဖြင့် ဆွာတိုက်နယ်ဆေးရုံတွင် ဇွန် ၃၀ ရက်နေ့ မနက်ပိုင်းက RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။