ဒဂုံတောင် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာအုပ်စာစောင်များ လာရောက်လှူဒါန်းပေးပါသော အလှူရှင် ဦးမောင်မောင်အေး (ကိုဗေဒါ)က မိမိလှူဒါန်းသော စာအုပ်စာစောင်များကို အများပြည်သူများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိပါစေကြောင်း၊ စာအုပ်စာစောင်များ လှူဒါန်းမှုကို လက်ခံပေးပါသော မြို့နယ်ပြည်သူ့စာကြည့်တိုက်ကိုယ်လည်း အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလှူရှင်၏ လှူဒါန်းမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းအေးမှ လက်ခံရယူခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။