မြစ်သား ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Mask Campaign အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်း၊ ရွှေမုဌော ဘုရားရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီမှ ၉ နာရီအထိ Mask Campaign အသိပညာပေး လှုပ်ရှားမှုကို အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပ သွားလာသူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ၊ လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Mask(၅၀၀)ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)