သတင်းများ

နမ့်စန်တွင် အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၁ ခုနှစ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ အမှတ်(၁)ကျေးရွာရှိ Eleven Futsal Stadium ကွင်းတွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၅/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 30,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၅/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီမည့် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ
Jun 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီမည့် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် ပဉ္စမကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေး
Jun 30,2021
မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်    စဉ့်ကိုင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်မြို့ပြနှင့်ကျေးလက်  ကွာဟမှု လျှော့နည်းလာစေရေးအတွက်ရည်ရွယ်ပြီး ပဉ္စမကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ များထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက  တက်မျှောကျေးရွာနှင့်ဒေါင်ကြီးကွေ့ကျေးရွာတို့ကို   စီမံကိန်းချေးငွေများ  ထုတ်ချေးပေးခဲ့ကြောင်း  သိရသည်၊၊
ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၄) ဦးထပ်မံတွေ့ရှိ
Jun 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြောင်းမြမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ MobiLe Library စာငှားစနစ်ဖြင့် ဝန်ဆောင်မှုပေး
Jun 30,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက စာဖတ်ဝါသနာပါသူများအား စာပေနှင့်စဉ်ဆက်မပြတ် ထိတွေ့စေရေးအတွက် Mobile Library   စာဌားစနစ်ဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိရာ  ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အုတ်ဖိုမြို့ မြို့တော်ခန်းမရှေ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jun 30,2021
မြို့တော်ခန်းမ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြို့တော်ခန်းမရှေ့ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တွံတေးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဆေးဖြန့်ခြင်းများ ဆောင်ရွက်
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် တွံတေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများအား ဆေးဖြန့်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။