သတင်းများ

မိုင်းယောင်း၌ ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသဝက်များ ဖြန့်ဖြူးပေး
Jul 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသည် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ဒေသဝက်သားပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဟောင်ကြန့်ကျေးရွာအုပ်စု၊ ပါလောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တီးတိန်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးရာ ပိုးတွေ့(၁၁)ဦး ထပ်မံတွေ့ရှိ
Jul 01,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံတွင် ယမန်နေ့၌(၂၂)ဦး စစ်ဆေးရာ(၁၁)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုး တွေ့ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌ Quarantine Center ဖွင့်လှစ်ထားရှိ
Jun 30,2021
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် Community Base Facility Quarantine Center အား ပြင်ဦးလွင် ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမဆောင်များတွင် ဇွန် ၂၈ ရက်နေ့မှ စတင်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အမျိုးသား၊ အမျိုးသမီးသီးသန့်အဆာင်များ ဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ပင်လောင်းမြို့နယ်အတွင်း   ထပ်တိုးမသန်စွမ်းသူများအား  ထောက်ပံ့ငွေများပေးအပ်
Jun 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနက ထပ်တိုးမသန်စွမ်းသူများအား  ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဘက်စုံသုံးခန်းမ၌ ထောက်ပံ့ ငွေများ ပေးအပ်သည်။
ထီးလင်းမြို့နယ်တွင် (COVID-19)ရောဂါပိုး ကူးစက်ခံရသူ (၆)ဦး ထပ်မံတွေ့ရှိ
Jun 30,2021
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်တားဆီးကာကွယ် ထိန်းချုပ်နိုင်စေရေးနှင့် ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ ပြည်သူ့ ဆေးရုံ၌ ယနေ့နံနက်ပိုင်းတွင် ပြည်သူများအား (COVID-19)ရောဂါပိုး ရှိ/မရှိ စမ်းသပ် စစ်ဆေး လျက်ရှိရာ (COVID-19) ရောဂါပိုး ကူးစက်ခံရသူ (၆)ဦး ထပ်မံ တွေ့ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်၊ အ.ထ.က-၂ (နန်ယန်ကျောင်း)တွင် Mask Campaign ဆောင်ရွက်
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီခွဲအချိန်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ်(၁၀၆)ရှိ အ.ထ.က-၂ (နန်ယန်ကျောင်း) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ပြည်မြို့ မူယာပင်လမ်းသွယ်အား Lock down ဧရိယာအဖြစ် သတ်မှတ်ထားရှိ
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မူယာပင်ရပ်၊ ဗိုလ်ချုပ်လမ်း မူယာပင်လမ်းသွယ်တွင် ယမန်နေ့ည ၈နာရီ ၄၅ အချိန်ခန့်က ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ (၇)ဦး တွေ့ရှိ၍ အဆိုပါလမ်းအား Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။