ညောင်တုန်း ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်း mask များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ပြည်သူများ အသုံးပြုနိုင်ရေးအတွက် ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် တပ်ဖွဲ့ဝင်များမှ လူစည်ကားရာ လမ်းများနှင့် ကားဂိတ်တို့တွင် သွားလာလျက်ရှိသော ပြည်သူများအား နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ နှင့်အညီ နေထိုင် သွားလာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)