သတင်းများ

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေး ကျင်းပ
Jun 30,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် Quarantine Centre များ ပြင်ဆင်ထားရှိနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာ ခန်းမတွင် ကျင်းပဆွေးနွေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတောစျေးအတွင်း ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
VRFP ကျေးရွာမတည် လည်ပတ်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းကွင်းဆင်းစစ်ဆေး
Jun 30,2021
ဖလမ်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VRDP (Village Revolving Fund Project) စီမံကိန်းလုပ်ငန်း​ဆောင်ရွက်လျက်ရှိသည့် ဖလမ်းမြို့နယ် ဇာထီလ်ကျေးရွာအား ၃၀.၆.၂၀၂၁ ရက်နေ့ တွင် ဦးဝုန်ပြင်းထန် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဦးရှိန်းသူအောင် (ဦးစီးအရာရှိ)၊ ဦးလျန်းဇမန် (ဒုတိယဦးစီးမှူး)တို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းရပ်များ ဆွေးနွေး
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟုမ္မလင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အမျိုးသမီးစက်ချုပ် အဆင့်မြင့် သင်တန်း ၂ /၂၀၂၁ ဆင်းပွဲကျင်းပ
Jun 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမျိုးသမီးစက်ချုပ်အဆင့်မြင့် သင်တန်း ၂/၂၀၂၁ ဆင်းပွဲကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ဟုမ္မလင်းမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် ကျင်းပခဲ့ကြောင်းသိရ သည်။
မိုးညိုမြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနား ပြုလုပ်
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တရားရုံးမှ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ခြင်းကို မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့နယ်တရားရုံးတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရွာသွန်း၍ မြေပွလာမှုကြောင့် သစ်ပင်လဲကျပြီး ကားပေါ်သို့ ပိကျ
Jun 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗိုလ်ရန်ပြေလမ်းတွင် ယမန်နေ့ညနေ ၅ နာရီ ၅၀အချိန်က မိုးရွာသွန်း၍​ မြေပွလာမှုကြောင့် လုံးပတ်(၄)ပေ၊ အရှည် (၃၀) ပေခန့်ရှိ ပိတောက်ပင်လဲကျ၍ YGN 8L _____ ကားအဖြူရောင်ပေါ်သို့ ပိကျနေကြောင်း
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၈၁၆)ဦးအား လူမှုရေး ပင်စင်ထောက်ပံ့
Jun 30,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်၊ ဒုတိယ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်‌အ‌ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။