သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁၀၀)ဆေးရုံဝန်းအတွင်း သစ်ပင်စိုက် ပွဲတော်ကျင်းပ
Jul 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော သစ်ပင်စိုက်ပွဲတော်အား ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က မြို့နယ်ကုတင်(၁၀၀) ဆေးရုံကြီးဝန်း အတွင်း၌ ကျင်းပသည်။
ပန်းတောင်းမြို့နယ် လဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းအား ကွင်းဆင်းဆောင်ရွက်
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြီး မွေးလူနာများအား အာဟာရများထောက်ပံ့
Jul 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃)နာရီက မြိတ်မြို့နယ် အသင်းရုံးတွင် ကျင်းပခဲ့၍ မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြပြီး မွေးလူနာ (၂)ဦးအား အာဟာရများ ထောက်ပံ့ခဲ့ ကြသည်။
ဇီးကုန်းမြို့နယ်တွင် လက်ဘက်ရည်ဆိုင်၊ စာသောက်ဆိုင်နှင့် အခြားစားဖွယ်သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချ ရန်ညွှန်ကြား
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် လက်ဘက်ရည်ဆိုင်၊ စာသောက်ဆိုင်နှင့် အခြားစားဖွယ် သောက်ဖွယ် ရောင်းချဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားရှိကြောင်း သိရသည်။
ပခုက္ကူအကျဉ်းထောင်တွင် ပုဒ်မ ၅၀၅-က ဖြင့်အမှုရင်ဆိုင်ဆဲ ကာလအတွင်းအချုပ်မှသုံးဦးလွတ်မြောက်ခွင့်ပေး
Jul 01,2021
ပခုက္ကူအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်-၅၀၅-ကဖြင့်အမှု ရင်နေရသည့် အမျိုးသား၂ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အားဇွန်၃၀ ရက်ညနေ ၄ နာရီခွဲ အချိန်ကဝန်ခံကတိဖြင့်လွတ်မြောက်ခွင့်ပေးသည်။
ယင်းမာပင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ထုတ်ချေးပေး
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ယင်းမာပင်မြို့နယ်၊ မြင်သာကုန်းကျေးရွာတွင် ပထမအကြိမ် ရန်ပုံငွေကျပ် သိန်း (၁၀၀) ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
မြစ်ကြီးနားမြို့၌ အရေးပေါ်အသက်ကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဆင်းပွဲကျင်းပ
Jul 01,2021
ဧရာဝတီကရုဏာ(အခမဲ့) လူမှုကူညီရေးအသင်းမှ ဦးဆောင်ဖွင့်လှစ်သည့် အရေးပေါ်အသက် ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်း ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အေးစေတီ ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ပြည်မြို့၌ ၂၀၂၁ ခုနှစ် ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကျင်းပ
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ရတနာရွှေပြည် ခရိုင်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၁ ခုနှစ် ပြည်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရွှေတောင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။