ကျောက်မဲ ဇွန် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ဆက်စပ်သည့်နေရာများ၊ လူအဝင်အထွက်များရာနေရာများတို့ တွင် ပိုးသတ်ဆေးများ အခမဲ့ ဖျန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းတွင် ဇွန် ၂၂ ရက်နေ့မှစ၍ ဇွန် ၂၉ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၄၁ ဦးတွေ့ရှိခဲ့ရပြီး အဆိုပါအတည်ပြုလူနာများထဲ၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဝန်ထမ်း ၄ ဦးပါရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ထို့ကြောင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ဆက်စပ်သည့် နေရာများဖြစ်သည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၊ လူအဝင်အထွက်များသည့် မြို့အဝင်ကျန်းမားရေးစစ်ဂိတ်နှင့် အမှတ် ၁ ရပ်ကွက်ရုံးတို့၌ ပိုးသတ် ဆေးများ ဖျန်းများဖျန်းပေးခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအနေဖြင့် Quarantine Center များနှင့် အခြား လိုအပ်မည့်နေရာများသို့ ပိုးသတ်ဆေးများပိုးသတ်ဆေးများ ဖျန်းပေးသွားမည် ဖြစ်ကြောင်း ဦးဖြို့ပြည့်ကျော်ထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)