မြန်အောင် ဇွန် ၃၀
မြန်အောင်ပြည်သူ့ဆေးရုံ၌ သံဃာတော်များ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့နံနက်က ပြည်သူ့ဆေးရုံ ပြင်ပ လူနာဆောင်တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ဝင်း ဦးဆောင်၍ ကာကွယ်ဆေးမထိုးခင် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်၍ ဆေးထိုးခြင်းဖြစ်ပြီး ဆေးထိုးပြီးရင်လည်း နာရီဝက် စောင့်ကြည့် ထားခြင်းတို့ ဆောင်ရွက်ကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသည့် သံဃာတော်များ၊ ပညာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်း (၃၀၀)ဦးကို ပထမအကြိမ် ကာကွယ်ဆေးထိုးပေးခြင်း ဖြစ်ကြောင်းနှင့် မြန်အောင်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး(၁၀၅၄၀)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)