သာစည် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာဇော်မင်းထူးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အသိပညာပေးရှင်းလင်း ပြောကြားပြီး ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာထူးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေများနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့်စာရေးဝန်ထမ်းများတက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်