ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ပညာသင်ကြားနေမှု အား လှည့်လည် ကြည်ရှု

စစ်တွေ ဇွန် ၃၀

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ပညာသင်ကြားနေမှုအားလှည့်လည်ကြည်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ရေတပ်) ကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီပညာသင်ကြားနေမှုအား လှည့်လည် ကြည့်ရှုအားပေးသည်။ ထိုသို့လှည့်ကြည့်ရှုစဉ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား လက်ရှိနိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ် ပွားနေမှုအခြေအနေ၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း ပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်း များဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း(MasK)များ၊ လက်သန့်ဆေးရည်များ၊ မျက်နှာအကာများအား ကျောင်းအုပ် ဆရာမ ကြီးထံ ထောက်ပံ့ပေးကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ မြောက်စံပြ ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(MasK)များ၊ လက်သန့်ဆေးရည်များ၊ မျက်နှာအကာများကို ဆရာမကြီးထံ ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှု အားပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်လှည့်လည်ကြည့်ရှုအားပေးစဉ် ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဒေါက်တာ ကြည်လွင်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ရေးနှင့်ပတ်သက်သည့် နေထိုင်လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်တကိုယ်ရေသန့်ရှင်း ရေးနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်မည့် အချက်များအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

တင်ထွန်း