ဗဟန်းမြို့နယ်၊ အ.ထ.က-၂ (နန်ယန်ကျောင်း)တွင် Mask Campaign ဆောင်ရွက်

 

 

ရန်ကုန် ဇွန် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီခွဲအချိန်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်း၊ အမှတ်(၁၀၆)ရှိ အ.ထ.က-၂ (နန်ယန်ကျောင်း) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးခိုင်၊ အတွင်းရေးမှူး ရဲမှူးဇော်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်း၊ အ.ထ.က(၂)ဗဟန်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာနွယ်နီလွင်နှင့် ဆရာ/ဆရာမ များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးထိန်ဝင်းနှင့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန် အတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးကို တာဝန်ရှိသူများက နှာခေါင်း စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မြင့်