ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌ Quarantine Center ဖွင့်လှစ်ထားရှိ

ပြင်ဦးလွင်၊ ဇွန် ၃၀
 
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် Community Base Facility Quarantine Center အား ပြင်ဦးလွင် ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမဆောင်များတွင် ဇွန် ၂၈ ရက်နေ့မှ စတင်ပြီး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အမျိုးသား၊ အမျိုးသမီးသီးသန့်အဆာင်များ ဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ COVID - 19 Positive ရောဂါရှိသူများနှင့်ဆက်စပ်နေသော သံသယလူနာများအား ထားရှိသည့် ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်းရှိ အိပ်ဆောင်များ ၊ ရေလုံအိမ်သာများ ၊ ရေချိုးခန်းများ၊ တာဝန်ကျဝန်ထမ်းများ ဆောင်ရွက်နေသည့် နေရာများနှင့် အခြားဆက်စပ်နေသော နေရာများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ Quarantine Center ကို (၂၈ - ၆- ၂၀၂၁ ) ရက်နေ့မှ သံသယလူနာများအား စတင်၍ လက်ခံခဲ့ရာ ( ၂၇ ) ဉီးရှိပြီး ( ၃၀ - ၆ - ၂၀၂၁ ) ရက်နေ့အထိ Positive ( ၆ ) ဦး ၊ ရောဂါကင်းစင်ပြီးနေရပ်ပြန် ( ၁၂ ) ဦးနှင့် ကျန်ရှိ( ၉) ဦး ဖြစ်ကြပြီး ပြင်ဦးလွင်မြို့ရှိ ကုတင် ( ၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး Isolation Ward တွင် ဆေးကုသမှုခံယူနေသာ Positive ပိုးတွေ့ လူနာ
( ၁၁၅ ) ဦးရှိနေပြီဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။