ထီးလင်း ဇွန် ၃၀
ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကြိုတင်တားဆီးကာကွယ် ထိန်းချုပ်နိုင်စေရေးနှင့် ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးတို့အတွက် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ ပြည်သူ့ ဆေးရုံ၌ ယနေ့နံနက်ပိုင်းတွင် ပြည်သူများအား (COVID-19)ရောဂါပိုး ရှိ/မရှိ စမ်းသပ် စစ်ဆေး လျက်ရှိရာ (COVID-19) ရောဂါပိုး ကူးစက်ခံရသူ (၆)ဦး ထပ်မံ တွေ့ရှိကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့အထိ (COVID-19) ရောဂါပိုး ကူးစက်ခံရသူ (၂၁)ဦး ရှိပြီး ဆေးရုံ၌ဆေးကုသမှုခံယူသူ (၁၆) ဦး၊ ဆေးရုံဆင်းပြီးသူ(၅)ဦး ရှိကြောင်းနှင့် ယနေ့ ပိုးတွေ့ လူနာများမှာ ဆေးမင်းတောကျေးရွာမှ (၁)ဦး၊ ထိန်တိုင်း ကျေးရွာမှ (၅)ဦး တို့ ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်စည်