သတင်းများ

လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သမဝါယမအကြောင်း  အသိပညာပေး Talk Show ဆောင်ရွက်
Jul 01,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင်  ၂၀၂၁ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် အပြည် ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ ပူးပေါင်း၍ သမဝါယမအကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေး ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့် ဆောင်ရွက်
Jul 01,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းဘေး ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဇွန်လ ၂၇ ရက်နေ့မှ စတင်၍ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉‌ စောင့်ကြည့်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးတွေ့ရှိ 
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၀) ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။ 
မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးလူထုလှုပ်ရှားမှု Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 01,2021
မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်၌   ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်ရေး  လူထုလှုပ်ရှားမှု အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို  ယနေ့နံနက်၈နာရီက   ဖက်တန်းရပ်ကွက်  သားငါးဈေးနှင့် ဈေးလမ်းတစ်လျှောက်ယာဉ်များ၊  လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက်  နှာခေါင်းစည်း (Mask) အခု ၁၀၀၀ အခမဲ့ ဖြန့်ဝေပေးသည်။ 
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ကျေးရွာနေပြည်သူများ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေး
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စ ိမ်းလန်းစိုပြည် စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ယခု ၂၀၂၁ ခုနှစ် မိုးရာသီတွင် ကျေးရွာလူထုဖြန့်ဝေခြင်း အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများအား စိုက်ပျိုး နိုင်ရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ 
သရက်မြို့ စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် Mask Campaign ပြုလုပ် 
Jul 01,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်(၇)နာရီက စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့သည်။ 
ကျိုက်ဒုံမြို့တွင် (Covid-19)ရောဂါပိုး သံသယရှိသူ(၄)ဦးအား RDT စနစ်ဖြင့်စစ်ဆေး
Jul 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့နံနက် ၇နာရီခွဲက (Home Quarantine ) ထားရှိသည့် သီးသန့်နေအိမ်၌ ပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိခဲ့သော ကိုဗစ်ရောဂါပိုး သံသယရှိသူ အဖြစ်ထားရှိသူ (၄)ဦး အား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊မရှိ စစ်ဆေးခဲ့မှုများဆောင်ရွက်ခဲ့သည်။
ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦးတွေ့ 
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ ဆေးရုံက သိရသည်။