ပင်လောင်းမြို့နယ်အတွင်း   ထပ်တိုးမသန်စွမ်းသူများအား  ထောက်ပံ့ငွေများပေးအပ်

ပင်လောင်း   ဇွန်   ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနက ထပ်တိုးမသန်စွမ်းသူများအား  ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဘက်စုံသုံးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာက လူမှု ဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထပ်တိုးမသန်စွမ်းသူ ၂၂၈ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၆,၈၄၀,၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက ထပ်တိုးမသန်စွမ်းသူများထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေး အပ်သွားမည်ဖြစ်သည်။

ပင်လောင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ပထမအကြိမ်တွင် ၉၄ ဦး၊ ဒုတိယ အကြိမ်တွင် ၁၈၁ ဦး  ထောက်ပံ့ပေးအပ်ခဲ့ပြီး  ယခု တတိယအကြိမ် ထပ်တိုးမသန်စွမ်းသူ ၂၂၈ ဦးအား ထပ်မံ ထောက်ပံ့ပေးရာ စုစုပေါင်း  ၅၀၃ ဦးရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)