တီးတိန်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးရာ ပိုးတွေ့(၁၁)ဦး ထပ်မံတွေ့ရှိ

တီးတိန် ဇူလိုင် ၁
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သံသယလူနာများအား ပြည်သူ့ဆေးရုံတွင် ယမန်နေ့၌(၂၂)ဦး စစ်ဆေးရာ(၁၁)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုး တွေ့ရှိကြောင်း သိရသည်။
၎င်း ပိုးတွေ့လူနာများသည် အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၅)ဦးဖြစ်ကြောင်း သိရသည်။ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူသူ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၄)ဦးသည် ကျန်းမာရေးကောင်းမွန်၍ယနေ့ဆေးရုံမှဆင်းခွင့်ရရှိကြောင်း တီးတိန်မြို့ပြည်သူ့ဆေးရုံ တာဝန်ရှိသူများထံမှသိရသည်။