ပြည်မြို့ မူယာပင်လမ်းသွယ်အား Lock down ဧရိယာအဖြစ် သတ်မှတ်ထားရှိ

ပြည် ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မူယာပင်ရပ်၊ ဗိုလ်ချုပ်လမ်း မူယာပင်လမ်းသွယ်တွင် ယမန်နေ့ည ၈နာရီ ၄၅ အချိန်ခန့်က ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ (၇)ဦး တွေ့ရှိ၍ အဆိုပါလမ်းအား Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

Lock Down ဧရိယာအဖြစ် သတ်မှတ်ထားရှိ‌သော အဆိုပါလမ်းသွယ်မှ နေအိမ်(၄)အိမ်ရှိ အိမ်ထောင်စု(၇)စုမှ အိမ်ထောင်စုဝင် အမျိုးသား (၁၆)ဦးနှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း (၂၈)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီ (ရက်သတ္တတစ်ပတ်စာ) တို့ကို   ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယင်းနေ့ည ၉ နာရီတွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရပ်ကွက်အလှူရှင်များကလည်း ငါးသေတ္တာဘူးများ ရက်သတ္တတစ်ပတ်စာ ပေးအပ် လှူဒါန်းကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ကိုဆက်