သတင်းများ

မောက်မယ်မြို့အဝင်အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ထားရှိ
Jul 01,2021
ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/အထွက်ဂိတ်များ တွင် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၆ နာရီကစတင်ခဲ့သည်။
ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်
Jul 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာတွင် ယမန်နေ့က ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  
သဲကုန်းမြို့နယ်တွင် မိုးသီးနှံများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်တွင် သဲကုန်းမြို့နယ်အတွင်း မိုးသီးနှံများ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု အတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့၌ မိခင်နှင့်ကလေး ကျန်းမာရေးဌာန နှစ်ထပ်အဆောက်အဦသစ် စတင်ဆောက်လုပ်
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း တွင် မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန နှစ်ထပ်အဆောက်အဦသစ် ကို ပြည်မြို့နယ်အခြေစိုက် ခေတ်ဇာနည်ကုမ္မဏီမှ ယနေ့စတင် ဆောက်လုပ် နေပြီဖြစ်ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်များ၊ ကားဂိတ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jul 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့မဈေးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် ဈေးအတွင်းရှိ စားသောက်ဆိုင်များနှင့် ကားဂိတ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စနစ်တကျဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု ကြို့ကုန်းကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာတွင် NEP စီမံကိန်းဖြင့် ဆောင်ရွက်သော Solar Mini-Grid ကျေးလက်မီးလင်းရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ညောင်ကျိုး‌ကျေးရွာတွင် NEP စီမံကိန်း CFP-3 ဖြင့် ဆောင်ရွက်သော Solar Mini-Grid ကျေးလက်မီးလင်းရေး လုပ်ငန်း အား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။