သတင်းများ

မလှိုင်မြို့နယ်တွင် ၂ဝ၂ဝခုနှစ် မိုးဦး နှမ်းသီးနှံ ပျက်စီး (၁ဝ၁ဝ၇ ) ဧက အတွက် ထောက်ပံ့ငွများ ပေးအပ်
Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် မိုးဦးကာလတွင် စိုက်ပျိုးထားသော နှမ်းသီးနှံ များ မိုးခေါင်မှုကြောင့် ပျက်စီးသွားသည့် နှမ်းသီးနှံ ( ၁ဝ၁ဝ၇ ) ဧကအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ဆည်တိုကျေးရွာ ၊ ဂိုဏ်းထောက်ဘုန်းကြီးကျောင်းအတွင်း ၌ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လူဦးရေ ၂၃၀၀ ဦးထိုးနှံပြီးဖြစ်
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ဒေါပုံမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၂၃၀၀) ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၈)လုံး ပြောင်းရွှေ့ခဲ့ရ
Aug 12,2021
ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြစ်ဝကျေးရွာအုပ်စု ဂိုဒေါင်စုကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က လူနေအိမ် (၈) လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
သဲကုန်းမြို့ပေါ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများအား စျေးနှုန်းမှန်ကန်စေရေးနှင့် ဆေးဝါးအတုများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ပေါ်အတွင်းရှိ ဆေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ရောင်းချခြင်းများ ရှိ/မရှိကို စျေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က ယနေ့နံက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ရှိ ကိုဗစ်-၁၉ ကုသရေးဌာနတွင် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇၈ ဦးအထိရှိလာ
Aug 12,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ခုနှစ်ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇၈ ဦး ရှိကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျေးရွာမတည်ရန်ပုံငွေပေးအပ်ပွဲကျင်းပ
Aug 12,2021
ကျေးရွာမတည်ရန်ပုံငွေ (VRFP) Type-2 အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇေယျာသီရိမြို့နယ် ၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ဒုတိယအကြိမ် နေ့ချင်းဆပ် နေ့ချင်းထုတ်ချေးစနစ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ ကျပ်(၁၉၆)သိန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မိုးသောက်ပန်းစာကြည့်တိုက်၌ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်း များနှင့်​ စျေးမိသားစုများအားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့်စျေးမိသားစုအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမှုအား ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေ အား  တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေး
Aug 12,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်း လုပ်ငန်း ကို ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြိုနယ်ရှိ အ.ထ.က(မြို့မ)ကျောင်း၌ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ တိုက်ကြီး ခေတ္တတပ်နယ်မှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။