သတင်းများ

တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ​သြဂုတ်လ(၁၂)ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်က ခန့်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇ ဘဏ်ရှေ့၊ မီးသတ်လမ်းဆုံ၊ ဟဲဇင်းကျေးရွားသွား လမ်းဆုံနှင့် ခြင်္သေ့လေး ကောင်လမ်းဆုံ တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဆည်များ ရေဝင်ရောက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေး နှင့် တာဝန်ရှိသူများလိုက်ပါလျှက်  ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာတွင် အောင်ရေ ရရှိသည်ထိ အပြည့်အဝ ရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိ နိုင်ရန်  ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။  
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိစက်မှုဇုန်တွင် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေး
Aug 12,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိူးတင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ဒက္ခိဏ စက်မှုဇုန်ရှိ Sein Tet Aung (စိမ်းတက်အောင်)ကုမ္ပဏီပိုင် စက်ရုံဝင်းအတွင်း အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဆည်များ ရေဝင်ရောက်မှု ကွင်းဆင်းကြည့်ရှု့စစ်ဆေး
Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးလှမိုးထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါး စိုက်ပျိုးရာတွင် အောင်ရေရရှိသည်ထိ အပြည့်အဝရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိနိုင်ရန် ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည် ။
ကောလင်းမြို့နယ်၌ ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) အလုံး ၁၀၀၀ အား ဆက်လက် ထိုးနှံပေး လျက်ရှိ
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ထပ်မံရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံး ၁၀၀၀မှ ကျန်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား သြဂုတ် ၁၂ရက်​နေ့နံနက် ၉ နာရီအချိန်၌​ မင်းတဲကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများစည်းကမ်းလိုက်နာမှုရှိ/မရှိMobile စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှစတင်ကာ Stay at home ကာလအဖြစ် သက်မှတ်ကြေငြာထားပြီးဖြစ်ရာ ယမန်နေ့မွန်းလွဲပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံ ပြည်သူများ လိုက်နာ မှုရှိ/မရှိ Mobile စနစ်ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။