တိုက်ကြီး ဩဂုတ် ၁၂
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်း လုပ်ငန်း ကို ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြိုနယ်ရှိ အ.ထ.က(မြို့မ)ကျောင်း၌ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ တိုက်ကြီး ခေတ္တတပ်နယ်မှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer/ပရဟိတဆောင်ရွက်နေသူများ၊ သာသနာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝ န်ထမ်းများ နှင့် ဝန်ထမ်း မိသားစုများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်း နှင့် ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ အပါ (၄၆၉)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်တွင် ဩဂုတ် လ ၁ ရက်နေ့ မှစ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ဩဂုတ် လ ၁၁ ရက်နေ့ အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၇၅၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း နှင့် ကာကွယ် ဆေးထိုးရန် ကျန်ရှိသော ပြည်သူများအတွက်လည်း ကာကွယ်ဆေး များရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)