ရန်ကုန် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ဒေါပုံမြို့နယ်အတွင်းရှိ ရဟန်းသံဃာတော်များ၊ အသက်(၆၅)နှစ် အထက်ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ အပါအဝင် လူဦးရေ (၂၃၀၀) ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ဒေါက်တာထက်ဉာဏ်လင်း နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက် ဘိုးဘွား(၁၂၂၅)ဦး၊ ကျန်းမာရေးဝန်ထမ်း(၂၄)ဦး၊ သံဃာတော်၊သီလရှင်(၈၄)ပါး၊ အစိုးရဝန်ထမ်း (၃၆၃)ဦး နှင့် ၎င်းတို့၏မိသားစုဝင် (၃၄၁)ဦး၊ စေတနာ့ဝန်ထမ်း (၁၇၄)ဦးနှင့် ၎င်းတို့၏မိသားစုဝင် (၂၄)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၃၇)ဦးနှင့် စက်ရုံ အလုပ်ရုံများမှ အလုပ်သမား(၂၈)ဦး ၊ စုစုပေါင်း (၂၃၀၀)ဦးတို့ကို ဩဂုတ်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့ထိ မြို့နယ်အတွင်းရှိ အထက (၁)ကျောင်းနှင့် အ.လ.က(၄)ကျောင်း တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopham) ကို ပထမအကြိမ်ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရှိရသည်။
“ နောက်ထပ်ကာကွယ်ဆေးတွေ ထပ်ရောက်လာရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးဖို့ကျန်ခဲ့ တဲ့ ဘိုးဘွားတွေရယ်၊ ဦးစားပေးအဆင့်ဆင့်တွေ၊ ဝန်ထမ်းမိသားစုတွေ၊ အဲဒီထဲကမှ အသက်အရွယ်ကြီးတဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဦးစားပေးအဆင့်လိုက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ် ” ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက ပြောကြားခဲ့သည်။
ခင်မာဝေ