မလှိုင်မြို့နယ်တွင် ၂ဝ၂ဝခုနှစ် မိုးဦး နှမ်းသီးနှံ ပျက်စီး (၁ဝ၁ဝ၇ ) ဧက အတွက် ထောက်ပံ့ငွများ ပေးအပ်

မလှိုင် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် မိုးဦးကာလတွင် စိုက်ပျိုးထားသော နှမ်းသီးနှံ များ မိုးခေါင်မှုကြောင့် ပျက်စီးသွားသည့် နှမ်းသီးနှံ ( ၁ဝ၁ဝ၇ ) ဧကအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ဆည်တိုကျေးရွာ ၊ ဂိုဏ်းထောက်ဘုန်းကြီးကျောင်းအတွင်း ၌ပြုလုပ်ခဲ့ကြောင်း သိရသည် ။ ထောက်ပံ့ငေွပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများက လမ်းညွှန်အမှာစကားများပြောကြာပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းယုက နှမ်းသီးနှံ ပျက်ဧကများ အတွက် နိုင်ငံတော် အစိုးရမှထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးကျော်ငြိမ်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထိန်လင်းမောင် နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစန်းယုတို့ က ဆည်တို ၊အုပ်ကြီး၊ လဲတော၊ သိမ်ကုန်းကျေးရွာ အုပ်စုများမှ တောင်သူများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့သည် ။ မလှိုင်မြို့နယ်တွင် ၂ဝ၂ဝ ခုနှစ်မိုးဦးကာလတွင် စိုက်ပျိုးထားသောနှမ်းသီးနှံများ မိုးခေါင်မှုကြောင့် ကျေးရွာအုပ်စု ( ၆ )အုပ်စုရှိ ကွင်းပေါင်း(၆၄ )ကွင်း၊ ဦးပိုင်ပေါင်း(၄၈၈၅) မှ တောင်သူ( ၃၆၅၁)ဦး၏ နှမ်းသီးနှံ (၁ဝ၁ဝ၇) ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ်(၅ဝဝဝ) နှုံးဖြင့် ငွေကျပ်( ၅ဝ၅၃၅ဝဝဝ)ကိုထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အောင်ဌေး(မလှိုင်)